လုံခြုံရေးတင်းကြပ်ထားတဲ့ မြို့တော်ခန်းမ ဗုံးကွဲ

ဇွန် ၃၀၊ The Nation Voice

ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးက မြို့တော်ခန်းမ အနောက်မှာ ဒီနေ့မနက်က ဗုံးပေါက်ကွဲတာဖြစ်ပွားခဲ့တယ်လို့ အဲဒီနေရာမှာနေသူတွေက ပြောပါတယ်။

အဲဒီပေါက်ကွဲမှုဟာ မြို့တော်ခန်းမရဲ့ အနောက်ဖက်ဝင်ပေါက်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူထိခိုက်မှုရှိတယ်လို့လည်း သိရပါတယ်။

” အရေးပေါ်ကား နှစ်စီးနဲ့ လူနာတင်သွားတာတွေ့လိုက်တယ် ” လို့ ဘားလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ယခုအခါ စစ်ကောင်စီကားတွေနဲ့ စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး ဟိုရှာဒီရှာတွေ လုပ်နေပြီး ခန်းမအနောက်မှာ ရှုပ်ယှက်ခတ်နေတယ်လို့လည်း သိရပါတယ်။

မြို့တော်ခန်းမဟာ စစ်ကောင်စီတပ်တွေ လုံခြုံရေးအပြည့်ယူထားတဲ့နေရာဖြစ်ပြီး စည်ပင်ဝန်ထမ်းတွေပဲ ဝင်ထွက်ခွင့်ရတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *