တရုတ်ဒုံးပျံယာဉ်ကအပိုင်းအစတွေ ကမ္ဘာပေါ်ပြန်ကျ

ဇူလိုင် ၃၁၊ The Nation Voice

တရုတ်ဒုံးပျံယာဉ်ကအပျက်အစီးအပိုင်းအစတွေက အိန္ဒိယနဲ့ပစိဖိတ်သမုဒ္ဒရာပေါ်ပြန်ကျလာတယ်လို့ အမေရိကန်နဲ့တရုတ်အရာရှိတွေကပြောပါတယ်။

Long March 5B ဒုံးပျံယာဉ်ရဲ့အကြွင်းအကျန်အများစုက လေထဲမှာတင်မီးလောင်ပျက်စီးသွားပြီး ပြန်ကျလာတဲ့နေရာက ပစိဖိတ်သမုဒ္ဒရာထဲက ဆူလူပင်လယ်ဖြစ်တယ်လို့ တရုတ်အာကာသအေဂျင်စီကပြောပါတယ်။

အစောပိုင်းမှာ ဒုံးပျံယာဉ်အပိုင်းအစတွေက လူနေထူထပ်တဲ့နေရာတွေကို ပြန်ကျနိုင်ချေအလွန်နည်းတယ်လို့ အာကာသကျွမ်းကျင်သူတွေက ပြောထားပါတယ်။

ဒုံးပျံရဲ့ပင်မအခြေအနေတွေ ကမ္ဘာပေါ်ကိုထိန်းချုပ်မထားနိုင်ဘဲပြန်ကျလာတာကြောင့် အာကာသအပျက်အစီးတွေအပေါ်တာဝန်ယူမှုနဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်နေကြပါတယ်။

နိုင်ငံတကာသတ်မှတ်ချက်အတိုင်း လေထုထဲအစိတ်အပိုင်းတွေပြန်ဝင်လာတဲ့အချိန်မှာ အစိတ်အပိုင်းငယ်တွေအဖြစ်ခွဲထွက်သွားအောင် ဒုံးပျံယာဉ်တွေကို ဒီဇိုင်းဆွဲဖို့ တရုတ်အာကာသအေဂျင်စီကို အမေရိကန်အာကာသအေဂျင်စီနာဆာက အရင်ကလည်း မကြာမကြာတောင်းဆိုဖူးပါတယ်။

Source – BBC

Photo – Getty Images

Leave a Reply

Your email address will not be published. Required fields are marked *