ထိုင်းလေယာဉ်လမ်းချော်ပြီး ပြေးလမ်းပိတ်နေလို့ ချင်းရိုင်ကလေကြောင်းခရီးစဉ်အားလုံးဖျက်သိမ်းထား

ဇူလိုင် ၃၁၊ The Nation Voice

စနေနေ့ညပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင်မှာရှိတဲ့ မယ့်ဖာလုံနိုင်ငံတကာလေဆိပ်မှာ ဆင်းသက်စဉ် မိုးကြီးနေလို့ Nok Air လေကြောင်းလိုင်းပိုင် ဘိုးအင်း (၇၃၇)လေယာဉ်လမ်းချော်ခဲ့ပေမဲ့ ဒဏ်ရာရသူတော့မရှိပါဘူး။

ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်ကနေ ချင်းရိုင်ကိုဦးတည်ထွက်ခွာလာတဲ့ လေကြောင်းခရီးစဉ်အမှတ် DD108 မှာ ခရီးသည် (၁၆၄) ဦးနဲ့ အမှုထမ်း (၆)ဦးပါလာခဲ့ပါတယ်။

ဒွန်မောင်းကနေ ည ၈ နာရီကျော်မှာထွက်ခွာခဲ့ပြီး မယ့်ဖာလုံလေဆိပ်ကို ည ၉ နာရီကျော်မှာ ဆင်းသက်ခဲ့တယ်လို့ လေကြောင်းလိုင်းက စနေနေ့ညမှာထုတ်ပြန်ပါတယ်။

ဆင်းသက်စဉ် မိုးရေကြောင့်လမ်းချော်ခဲ့ပေမဲ့ လေယာဉ်မှူးက ဘေးကင်းကင်းဆင်းသက်ပြီးရပ်နိုင်အောင် စီမံနိုင်ခဲ့တယ်လို့လည်း အသိပေးပါတယ်။

ခရီးသည်နဲ့အမှုထမ်းအားလုံးကို နားနေဆောင်ထဲ ဘေးကင်းကင်းနဲ့ပြောင်းရွှေ့ပေးထားပြီး ဒဏ်ရာရသူ မရှိဘူးလို့လည်း အသိပေးပါတယ်။ ဘာကြောင့် အခုဖြစ်ရပ်ဖြစ်ရသလဲဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း အသိပေးပါတယ်။

ချင်းရိုင်ကိုပြေးဆွဲနေတဲ့ခရီးစဉ်အားလုံးကို ဖျက်သိမ်းထားတယ်လို့လည်း လေကြောင်းလိုင်းက အသိပေးပါတယ်။ အခုဖြစ်ရပ်ကြောင့် လေဆိပ်ပြေးလမ်းကို တနင်္ဂနွေနေ့ မနက် ၆ နာရီကနေ ည ၁၀ နာရီအထိပိတ်ထားမယ်လို့ မယ့်ဖာလုံလေဆိပ်က ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *