ဇူလိုင် ၃၁၊ The Nation Voice
နိုင်ငံအရှေ့ပိုင်း ဒွန်နက်စ်ဒေသရဲ့ယူကရိန်းထိန်းချုပ်နယ်မြေတွေမှာဆက်လက်နေထိုင်ကြတဲ့နိုင်ငံသားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ယူကရိန်းသမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီက အမိန့်ပေးလိုက်ပါတယ်။
ထိုးစစ်အရှိန်မြင့်လာမယ်လို့လည်း သူက ညဉ့်နက်ပိုင်းရုပ်သံမိန့်ခွန်းမှာပြောပါတယ်။
“ဒွန်နက်စ်ဒေသက လူများများအခုထွက်သွားလေလေ ရုရှားစစ်တပ်ကသတ်ဖို့အချိန်ရတဲ့လူနည်းလာလေလေပါ”လို့လည်း သူကပြောပါတယ်။
အဲဒီဒေသနေရာအများစုကိုထိန်းချုပ်နိုင်တဲ့ရုရှားတပ်ဖွဲ့တွေက တဖြည်းဖြည်းနယ်မြေစိုးမိုးမှုများလာပြီး ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ဒေသပါ။
ဒွန်နက်စ်ဒေသရဲ့ ရုရှားကျောထောက်နောက်ခံရှိတဲ့ယူကရိန်းခွဲထွက်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ နောက်ထပ်တစ်နေရာမှာ စစ်သုံ့ပန်းအယောက် (၅၀)သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့တို့ကို ရုရှားက ဖိတ်ကြားပြီးနောက် ဇီလန်စကီက အမိန့်ပေးတာပါ။
အိုလီနစ်ဗ်ကာမြို့က အကျဉ်းစခန်းတစ်ခုတိုက်ခိုက်ခံရပြီးနောက် တပ်ဖွဲ့ဝင်တွေသေဆုံးခဲ့ပြီး သေဆုံးရတဲ့အကြောင်းရင်းမရှင်းလင်းသေးသလို ရုရှားနဲ့ယူကရိန်းတို့ တဖက်နဲ့တဖက်အပြန်အလှန်အပြစ်တင်နေပါတယ်။
