ပြင်ဦးလွင်မှာ (၁၀)စုနှစ်အတွင်း စံချိန်တင်ရေကြီး၊အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ဆောင်နေရ

ဇူလိုင် ၃၁၊ The Nation Voice

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့မှာ မနေ့ညကစပြီးမိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် မကြုံစဖူးစံချိန်တင် ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။

ညသန်းခေါင်လောက်ကစပြီး ရွာသွန်းတဲ့မိုးဟာ ဒီကနေ့ မနက်ပိုင်းအထိ ရွာသွန်းနေဆဲဖြစ်တယ်လို့သိရပါတယ်။

မြေနိမ့်ပိုင်းဖြစ်တဲ့ အချို့ရပ်ကွက်တွေမှာ နေအိမ်ထဲအထိ ရေဝင်တာတွေဖြစ်နေပြီး မိုးအဆက်မပြတ်ရွာနေသေးတာကြောင့် ထိအခိုက်ပျက်စီးမှု အသေးစိတ်အခြေနေကိုတော့မသိရသေးပါဘူး။

ရေကြီးရေလျှံတာဟာ သစ်ပင်တွေခုတ် မြေတွေကိုဒိုဇာနဲ့ထိုးညှိပြီး အကွက်ရိုက်ရောင်းနေတာကြောင့်ဖြစ်တယ်လို့လည်း မြို့ခံတချို့က ဝေဖန်နေကြပါတယ်။

သန္တိသုခကယ်ဆယ်ရေးအဖွဲ့တွေကလည်း အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ဆောင်နေပြီး ထမင်းထုတ်ဝေတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး တိုင်းရုံး) ကလည်းပြင်ဦးလွင် အနီးစခန်း မိုးရွာသွန်းမှုများသောကြောင့် နေအိမ်တွေအတွင်း ရေဝင်ရောက်လို့ ရေပြင်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ ငယ်တစ်ဖွဲ့ အုန်းချောကို စတင်စေလွှတ်လိုက်ပြီလို့လူမှုကွန်ယက်မှာပြောထားပါတယ်။

လိုအပ်လာရင် အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရုံး ကလည်းအသင့်အနေထား ရှိနေတယ်လို့ လူမှုကွန်ယက်ကနေပြောထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *