မိဘပြည်သူတွေကိုရှိခိုးကန်တော့ပြီး လူထုသစ္စာအဓိဌာန်ပြုပွဲမှာ ပါဝင်ဖို့ တောင်းဆို

ဇူလိုင် ၃၁၊ The Nation Voice

စစ်ကောင်စီတပ်တွေရဲ့ အစစ်အဆေးကြမ်းတမ်းနေတဲ့ကြားက ရန်ကုန်မှာ လူထုသစ္စာအဓိဌာန်ပြုပွဲကို YBS ယာဉ်လိုင်းတွေပေါ်မှာ အောင်မြင်စွာပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလိုပြုလုပ်တဲ့နေရာမှာ တော်လှန်လူငယ်တွေဟာ စစ်ဖိနပ်အောက်လုံးဝဒူးမထောက်ခဲ့ပေမယ့် ပြည်သူလူထုအောက်ကို‌တော့ ဒူးထောက်ကာ ရှိခိုးကန်တော့ပြီး လူထုသစ္စာအဓိဌာန်ပြုပွဲမှာပါဝင်ပေးဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

ဒါကြောင့်လည်း ဒီကနေ့ ရန်ကုန်မြို့တစ်နေရာက Bus ကားတွေပေါ်မှာ တော်လှန်လူငယ်တွေက ပြည်သူလူထုနဲ့ပူးပေါင်းပြီး လူထုသစ္စာအဓိဌာန်ပြုပွဲကို အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *