ဇူလိုင် ၃၁၊ The Nation Voice
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က တစ်ကြိမ်ပဲ ထွက်ပေါ်လာခဲ့တဲ့ ယာယီသမ္မတလို့ မင်းအောင်လှိုင် သမုတ်ထားတဲ့ မြင့်ဆွေဟာ ဒီနေ့မှာတော့ မင်းအောင်လှိုင်ကို အရေးပေါ်ကာလ နောက်ထပ် (၆) လသက်တမ်းတိုးပေးဖို့ လူမြင်ကွင်းကို ထွက်ပေါ်လာခဲ့ရပါတယ်။
မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သက်တမ်းတိုးဖို့အတွက် သူ့ရဲ့အရုပ်ဖြစ်တဲ့ မြင့်ဆွေကို ကာ/လုံအစည်းအဝေးခေါ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်အရ ဆိုကာ မင်းအောင်လှိုင်ကို ဩဂုတ်လ (၁) ရက် ကနေ ဇန်နဝါရီ (၃၁) ရက် ၂၀၂၃ ခုနစ် အထိ အရေးပေါ်ကာလ (၆) လသက်တမ်းတိုးမြှင့်ပေးခဲ့တယ်လို့ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ထုတ်လွှင့်ခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ သူအာဏာစသိမ်းစဉ်ကလည်း မြင့်ဆွေကို ငုတ်တုပ်ထိုင်ခိုင်းပြီး သူတို့ကြိုတင်စဉ်းစားထားပြီး ရေးထားတဲ့ စာတွေဖတ်ပြခဲ့သလို ယခု သက်တမ်းတိုးတယ်လို့ ပြောတဲ့အခါမှာလည်း မြင့်ဆွေကို ငုတ်တုပ်ထိုင်ခိုင်းပြီး စာတွေဖတ်ပြခဲ့ပါတယ်။

