မြိုင်(ပကဖ)မှ ရဲဘော်နှစ်ဦး အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် နှစ်ဦးကို သုတ်သင်နိုင်ခဲ့ဟု ပြန်လည်အသိပေး

ဇူလိုင် ၃၁၊ The Nation Voice

တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခြင်းမှာ ဖမ်းဆီးသတ်ဖြတ်ခံရ၍မဟုတ်ဘဲ အပြန်အလှန်ပစ်ခတ်တိုက် ခိုက်ရင်း ကျဆုံးခဲ့ရတာဖြစ်တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လ (၃၁) ရက် ဒီကနေ့ညပိုင်းမှာ ပြန်လည်အသိပေးထုတ်ပြန်လိုက်ပါတယ်။

မြိုင်နယ်မြောက်ပိုင်းမှာ မနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ကျဆုံးရဲဘော်နှစ်ဦး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်စဥ် ကျဆုံးခြင်းဖြစ်ပြီး ရန်သူ့တပ်ဘက်မှ ဗိုလ်တစ်ဦးနဲ့ လက် ထောက်တစ်ဦးကို ပစ်ခတ်သုတ်သင်နိုင်ခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်ကိုကိုးကားပြီး ဖော်ပြပါတယ်။

” ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ အပြန်အလှန်-တ်-တ်မှုဖြစ်ပွားခဲ့ပြီး ဗိုလ်တယောက်နှင့် လက်ထောက်တယောက် အား ချုံခိုတိုက်ခိုက်ခဲ့ပြီး ထို စခ ၂ ကောင် ဒွမ်သွားခဲ့ကြောင်းသတင်းရရှိပါသည် ” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်တွေက ဝိုင်း ဝန်းပိတ်ဆို့ခဲ့ပြီး ပစ်ကူမလာခင် လက်ပစ်ဗုံးများသုံး၍ ဖမ်းဆီးခဲ့ရကာ သတ်ဖြတ်ခံရခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကျဆုံးရဲဘော်နှစ်ဦးဟာ ညီအစ်ကိုတော်စပ်သူများ ဖြစ်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *