မြိုင်(ပကဖ)မှ ရဲဘော်နှစ်ဦး စစ်ကောင်စီတပ်ကင်းပုန်းနဲ့တွေ့ပြီး ကျဆုံး

ဇူလိုင် ၃၁၊ The Nation Voice

မကွေးတိုင်း၊ မြိုင်နယ်မြောက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးဟာ စစ်ကောင်စီတပ် ကင်းပုန်းနဲ့တွေ့ကာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဇူလိုင်လ (၃၁) ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

အဲဒီ ပကဖ ရဲဘော်နှစ်ဦးဟာ မနေ့ ဇူလိုင်လ (၃၀) ရက်က မြိုင်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ် ကင်းပုန်းနဲ့ထိပ်တိုက်တွေ့ကာ ဖမ်းဆီးသတ်ဖြတ်ခံရပြီး ကျဆုံးသွားတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

” အော်တိုသေနတ်တစ်လက် ပါသွားပါသည် ” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုင်းပြည်အတွက် မြင့်မြတ်စွာကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးဟာ ညီအစ်ကိုတွေဖြစ်ပြီး ရဲဘော်တွေရဲ့ အသက် အရွယ်အပိုင်းအခြားကိုတော့ မသိရသေးပါဘူး။

မြင့်မြတ်စွာကျဆုံးခဲ့တဲ့ ရဲဘော်နှစ်ဦး ကောင်းရာသုဂတိလားပါစေကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝမ်းနည်း ဆုတောင်းစကား ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *