ဇူလိုင် ၃၁၊ The Nation Voice
ရန်ကုန်မှာ လူထုသစ္စာအဓိဌာန်ပြုပွဲကို စစ်ကောင်စီတပ်တွေက အင်အားသုံးပြီး ပိတ်ဆို့ထားတဲ့အတွက် ရန်ကုန်မြို့နေပြည်သူတွေဟာ အွန်လိုင်းပေါ်ကပဲ အဓိကလှုပ်ရှားခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ လူထုသစ္စာအဓိဌာန်ပြုပွဲ လုပ်မယ့် ဒီနေ့မနက်ပိုင်းကစပြီး ရန်ကုန်မြို့ရဲ့ လူသွားလူလာများပြားတဲ့ နေရာတွေနဲ့ လမ်းစုံလမ်ခွတွေမှာ စောင့်ကြပ်မှုတွေပြုလုပ်သလို ကားတွေနဲ့လည်း တစ်မြို့လုံးကို လှည့်လည်နေတဲ့အတွက် ပြည်သူတွေဟာ လမ်းမတွေပေါ်ထက် အွန်လိုင်းပေါ်ကပဲ အဓိကပြုလုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် ရန်ကုန်မြို့မှာရှိတဲ့ တစ်ချို့နေရာတွေက သံပုံးတီးလှုပ်ရှားမှူတွေပြုလုပ်ခဲ့ပေမယ့် အနည်းအကျည်းလောက်ပဲ လိုက်ပါလုပ်ဆောင်နိုင်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်တွေက သံပုံးတီးတယ်လို့ ယူဆတဲ့ နေအိမ်တွေကိုလည်း ဝင်ရောက်ဖမ်းစီးတာတွေပြုလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ဇူလိုင်လ (၃၁) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနှစ်အချိန်မှာ ”လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်အာဏာရှင်ကို တွန်းလှန်နေကြတဲ့ အင်အားစုတွေက တိုက်တွန်းထားခဲ့ကြမေယ့် စစ်ကောင်စီတပ်တွေကြောင့် ရန်ကုန်မြို့ကတော့ တိတ်ဆိတ်လို့နေခဲ့ပါတယ်။
မြို့ပြကပြည်သူတွေအနေနဲ့ လူထုသစ္စာအဓိဌာန်ပြုပွဲကို အွန်လိုင်းကသာလှုပ်ရှားခဲ့ရပေမယ့် တော်လှန်ရေးနယ်မြေတွေနဲ့ကျေးလက်တွေမှာတော့ လူထုသစ္စာအဓိဌာန်ပြုပွဲကို လမ်းပေါ်တွေမှာ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။
