သေဆုံးခဲ့တဲ့ထိုင်းအမျိုးသားက မြန်မာအမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲဖို့ကြိုးစားခဲ့တယ်လို့ပြော

ဇွန် ၂၄၊ The Nation Voice

တွင်းထဲမှာအလောင်းတွေ့ခဲ့ရတဲ့ အသက် ၄၀ အရွယ်ထိုင်းအမျိုးသားတစ်ဦးကို သတ်မှုနဲ့စွဲချက်တင်ခံထားရတဲ့ မြန်မာနိုင်ငံသားတရားမဝင်,ဝင်ရောက်လာသူ(၃)ဦးက သေဆုံးသူဟာ သူတို့အုပ်စုစီကနေငွေညှစ်ခဲ့ပြီး အုပ်စုထဲအမျိုးသမီးတစ်ဦးကို သူနဲ့လိုက်ခဲ့ဖို့ တွန်းအားပေးခဲ့တယ်လို့ ရဲတွေကိုပြောပါတယ်။ 

ဇွန် ၁ရက်က နာမွန်မြို့မှာ ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့နဲ့စာချုပ်ချုပ်ထားတဲ့ သစ်ပင်ခုတ်တဲ့လုပ်ငန်းတစ်ခုက ဝန်ထမ်း မက်ဒေါ ဘင်ဆန်ကို တရားမဝင်,ဝင်ရောက်လာတဲ့ရွှေ့ပြောင်းအခြေချသူ (၈)ဦးက သတ်ခဲ့တယ်ဆိုတဲ့သက်သေတွေကို အမှတ်(၉)ခရိုင်ရဲတပ်ဖွဲ့က စုံထောက်တွေကတွေ့ခဲ့တယ်လို့ လက်ထောက်ရဲချုပ် ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရာချိတ် ဟက်ပန်ကပြောပါတယ်။ 

လက်ရှိမှာ (၃)ဦးကို ဖမ်းမိထားပြီး သူတို့ကို ဝိုင်းဖွဲ့လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတို့နဲ့ စွဲချက်တင်ထားချိန်မှာ ကျန်တဲ့လူတွေရဲ့အထောက်အထားတွေကို အတည်ပြုနေတုန်းပါ။ 

အသက် ၂၅နှစ်အရွယ် ကိုမောင်၊ ၃၂နှစ်အရွယ် ဆန်းအေးနဲ့ ၃၄နှစ်အရွယ် ချစ်ကိုကိုတို့ ဖမ်းမိထားပြီး ဖော်ထုတ်နိုင်တဲ့ ၂ ယောက်က အသက် ၂၇ နှစ်အရွယ်အောင်ကိုဝင်းနဲ့ အသက် ၃၂ နှစ်အရွယ် မန်းဝင်းတို့ဖြစ်တယ်လို့ ရဲတွေကပြောပါတယ်။ 

ဇွန် ၁ ရက်အစောပိုင်းမှာ ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ရဲ့ဝန်ထမ်း သစ်ခုတ်သမား အသက် ၄၀ အရွယ်ရှိ မက်ဒေါ ဘင်ဆန်ကို ဘန်ဖရူနားက ခလောင်ပွမ်ရွာနားက လတ်လတ်ဆတ်ဆတ်တူးထားတဲ့ကျင်းတစ်ကျင်းထဲမှာ သေဆုံးလျက်တွေ့ရပါတယ်။ 

သေဆုံးခဲ့တဲ့ထိုင်းအမျိုးသားက မြန်မာအမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲဖို့ကြိုးစားခဲ့တယ်လို့ပြော

သူ့ကို ခြေတွေလက်တွေကြိုးတုပ်ထားတဲ့အပြင် ခေါင်းကိုလည်း ထုရိုက်ထားတာ ရဲတွေက တွေ့ရပါတယ်။ 

သူ့ဆိုင်ကယ်ကို ကျင်းနဲ့ မီတာ(၃၀၀)အကွာလောက်မှာရှိတဲ့ရွံ့အိုင်ထဲမှာ တွေ့ရပြီး အဲဒီပတ်ဝန်းကျင်မှာ ထိုးကြိတ်ထားတဲ့လက္ခဏာတွေတွေ့ရတယ်ဆိုပြီး ရဲတွေကပြောပါတယ်။ 

သူတို့နဲ့တခြားတရားမဝင်ရွှေ့ပြောင်းလာသူတွေက အခင်းဖြစ်ရာပတ်ဝန်းကျင်ကို မေ ၃၁ရက်မှာရောက်ရှိခဲ့ပြီး မလေးရှားနိုင်ငံကို ဆက်သွားဖို့ တောထဲမှာစောင့်ခဲ့ကြတယ်လို့ ဖမ်းဆီးခံထားရတဲ့သံသယတရားခံ (၃)ဦးကပြောပါတယ်။ 

ဇွန် ၁ ရက်မှာတော့ မက်ဒေါက အခင်းဖြစ်ရာကို သေနတ် ၁ လက်၊ ဓား ၁ ချောင်းနဲ့ရောက်လာပြီး သူတို့ဆီက ငွေတောင်းလို့ ငွေစုပြီးပေးလိုက်ပေမဲ့ အဖွဲ့ထဲကအမျိုးသမီး ၁ဦးကိုပါ သူနဲ့ လိုက်ဖို့ အတင်းဖိအားပေးချိန်မှာ အမျိုးသမီးက ငြင်းလို့ သူတို့နဲ့ တခြားသူတွေက အမျိုးသမီးကိုကူဖို့ကြားဖြတ်ဟန့်တားခဲ့ရာမှာ တုတ်နဲ့ရိုက်ခဲ့ပြီး နွယ်တွေနဲ့ချည်ခဲ့တယ်လို့လည်း ပြောပါတယ်။ 

သေဆုံးသူရဲ့ဖုန်းနဲ့ သူတို့အလုပ်အေးဂျင့်ကို ဖြစ်စဉ်ပြောပြလိုက်တဲ့နောက် အေးဂျင့်က သူတို့ကိုခေါ်ဖို့ ကားတွေလွှတ်လိုက်ပြီး ငှားထားတဲ့အိမ်တစ်အိမ်မှာ သူတို့ကို ထားခဲ့ပါတယ်။ 

ညပိုင်းမှာ အခင်းဖြစ်ရာကို သူတို့လာခဲ့ပြီး ကျွင်းတူးပြီးနောက် အလောင်းကို မြှုပ်နှံခဲ့သလို အိမ်မပြန်ခင် ဆိုင်ကယ်ကိုလည်း ရွှံ့အိုင်ထဲမှာ မြှုပ်ခဲ့တယ်လို့ အသိပေးပါတယ်။ 

စုံစမ်းစစ်ဆေးမှုမပြီးဆုံးသေးဘူးလို့ ဆူရာချိတ်ကပြောပါတယ်။ 

၈ဦးထဲက ၂ဦးကလွတ်မြောက်နေပြီး နောက်ထပ်ဖမ်းရမယ့် ၃ဦးကျန်သေးတယ်လို့ ရဲတွေကပြောပါတယ်။

Source – Bangkok Post 
Photo – Bangkok Post

#thenationvoicemyanmar #internationalnews #ထိုင်းနိုင်ငံ #နိုင်ငံတကာသတင်း

သေဆုံးခဲ့တဲ့ထိုင်းအမျိုးသားက မြန်မာအမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲဖို့ကြိုးစားခဲ့တယ်လို့ပြော