ဇူလိုင် ၃၁၊ The Nation Voice
စနေနေ့မှာ အီရတ်လွှတ်တော်ကို သြဇာရှိဘာသာရေးခေါင်းဆောင် မွတ်တာဒါ အယ်ဆာဒါကိုထောက်ခံတဲ့ဆန္ဒပြသူတွေက တပတ်အတွင်း ဒုတိယအကြိမ်မြောက်ဝင်ရောက်ခဲ့ပါတယ်။
အီရန်လိုလားတဲ့ပြိုင်ဘက်တစ်ဦးကို ဝန်ကြီးချုပ်အဖြစ်အမည်စာရင်းတင်သွင်းထားလို့ ဆန့်ကျင်ဆန္ဒပြသူတွေက ဘက္ကဒတ်မြို့မှာရှိတဲ့ သံရုံးတွေအပါအဝင် အရေးကြီးတဲ့အဆောက်အဦတွေရှိတဲ့ အစိမ်းရောင်နယ်မြေကို နောက်ထပ်တစ်ကြိမ်ချိုးဖောက်ဝင်ရောက်ခဲ့တာပါ။
အခုတစ်ကြိမ်စီးနင်းမှုကြောင့် လူ(၁၂၀)ကျော်ဒဏ်ရာရခဲ့ပါတယ်။
ဆာဒါရဲ့မိတ်ဖက်တွေက ပြီးခဲ့တဲ့အောက်တိုဘာရွေးကောက်ပွဲမှာ နေရာအများစုအနိုင်ရခဲ့ပေမဲ့ နိုင်ငံရေးအကြပ်ဆိုက်ခဲ့လို့ အာဏာမရခဲ့ပါဘူး။
အခုတစ်ကြိမ်စီးနင်းမှုကို လွှတ်တော်မှာ လွှမ်းမိုးမှုအရှိဆုံးညွှန့်ပေါင်းအစုအဖွဲ့က ရှုတ်ချထားပါတယ်။
စနေနေ့ဆန္ဒပြသူ (၁၀၀)လောက်ဒဏ်ရာရခဲ့ပြီး လုံခြုံရေးဝန်ထမ်း (၂၅)ဦးဒဏ်ရာရခဲ့တယ်လို့ အီရတ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး (၆)ဦးစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့လည်း အသိပေးပါတယ်။
နောက်ထပ်အပြောင်းအလဲတစုံတရာမဖြစ်ရင် လွှတ်တော်ကို နောက်တစ်ကြိမ်ထပ်စီးနင်းမယ်လို့ ဆန္ဒထုတ်ဖော်သူတွေကပြောထားတယ်ဆိုပြီး AFP သတင်းအေဂျင်စီက ဖော်ပြပါတယ်။
