ဩဂုတ်၁၊ The Nation Voice
စစ်ကောင်စီလက်ဝါးကြီးအုပ်ထားတဲ့ မကွေးတိုင်း၊ ကျောမြို့ရှိ MOGE လုပ်ငန်းတစ်ခုကို YDF တပ်ရင်း (၁၂) က သွေးစွန်းငွေဖြတ်တောက်နိုင်ရန်ရည်ရွယ်ချက်နဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ YDF – Kyaw က ထုတ်ပြန်လာပါတယ်။
ဇူလိုင်လ (၂၈) ရက်က မကွေးတိုင်း၊ ကျောမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ (၁၂) မဂ္ဂါဝပ်သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအလုပ်ရုံကို YDF တပ်ရင်း (၁၂) က ဝင်ရောက်စီးနင်းခဲ့ရာ ကားလေးစီးနဲ့ သေနတ်အတိုတစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သုံးကြိမ်တိုင်တိုင် CDM ပြုလုပ်ရန် သတိပေးထားတဲ့ ဝန်ထမ်းတွေနဲ့ အင်ဂျင်နီယာမှူး မင်းအောင်တို့ကိုလည်း ဖမ်းဆီးထိန်းချုပ်ထားတယ်လို့လည်း YDF စစ်ဦးစီးချုပ် ကိုဘလှိုင်းက သတင်းအတည်ပြု ထုတ်ပြန်ထားပါတယ်။
