သြဂုတ် ၁၊ The Nation Voice
အာဖဂန်နစ္စတန်နိုင်ငံရဲ့တာလီဘန်တပ်ဖွဲ့တွေနဲ့ အီရန်နယ်ခြားစောင့်တပ်ဖွဲ့တွေ နှစ်နိုင်ငံနယ်စပ်မှာထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ထိတွေ့မှုမှာ စစ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ တာလီဘန်တွေကပြောပါတယ်။
ဒီဖြစ်ရပ်အတွက် နှစ်နိုင်ငံအပြန်အလှန်အပြစ်တင်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ အာဖဂန်နစ္စတန်ကို တာလီဘန်စစ်သွေးကြွတွေထိန်းသိမ်းပြီးနောက်ပိုင်း နယ်စပ်မှာထိတွေ့မှုအများအပြားရှိခဲ့ပါတယ်။
အခုနောက်ဆုံးထိတွေ့မှုရဲ့အခြေအနေတိတိကျကျကတော့ မရှင်းလင်းသေးပါဘူး။ ပြီးခဲ့တဲ့လတုန်းကလည်း အဲဒီနေရာမှာ ထိတွေ့မှုတစ်ကြိမ်ဖြစ်ခဲ့လို့ အီရန်နယ်ခြားစောင့်တပ်ဖွဲ့ဝင်(၁) ဦးသေဆုံးခဲ့တယ်ဆိုပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
