ဩဂုတ် ၁၊ The Nation Voice
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူတွေ ခိုလှုံရာဒေသတစ်ခုကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က အသိပေးထုတ်ပြန်ပါတယ်။
ဇူလိုင် ၃၁ရက် ညနေပိုင်းက စစ်ကောင်စီ အခြေစိုက်စခန်းဖြစ်တဲ့ ငွေတောင်(၁၀၂) တပ်ရင်းနဲ့ ဖရူဆို ခမရ (၄၂၈) တပ်တို့က လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ခဲ့ရာ စစ်ရှောင် ပြည်သူ (၅)ဦး ထိခိုက်ခဲ့ပြီး အဲ့ဒီထဲက မိန်းကလေးငယ်မှာ အခင်းဖြစ်ပြီးခြင်း အသက်ပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒဏ်ရာရသူ (၄)ဦးအနက် (၁)ဦးမှာ ဦးခေါင်းဒဏ်ရာနဲ့ အရေးပေါ်ဆေးကုသမူခံယူနေပြီး ကျန် (၃)ဦးက မစိုးရိမ်ရတဲ့ အခြေအနေလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်ဘေးသင့်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ကျူးလွန်ခဲ့တာ ဟာ အနည်းဆုံး (၇)ကြိမ် ရှိနေပြီဖြစ်ပြီး အဲဒီပစ်ခတ်မှုတွေကြောင့် စစ်ရှောင် ပြည်သူ (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၁၂)ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီးမော့ဆို PDFရဲ့ မှတ်တမ်းတွေကို ဖော်ပြထားပါတယ်။
