သြဂုတ်၁၊The Nation Voice
ပဲခူးတိုင်းအနောက်ခြမ်း၊ပေါင်းတည်မြို့နယ်၊ခေမံရွာထိပ်က စစ်ကောင်စီရဲ့ဂိတ်ကို မနေ့က နေ့လည်၃နာရီခွဲလောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Paungde People Defense Force-PPDF ကထုတ်ပြန်ပါတယ်။
ဗုံး(၂)လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား(၁)ဦးအပါအ၀င်ခေမံရွာအုပ်ချုပ်ရေးအဖွဲ့၀င်(၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
“ထိတဲ့ကောင်တွေကကြံ့ဖွတ်တွေ ၊အဲ့ရွာကိုစစ်သားတွေလာနေကြ၊ စစ်သားတွေကိုညနေဆိုအရက်တိုက်တယ် ထမင်းလည်းပို့တယ်၊ စစ်ကောင်စီက လုပ်တဲ့ ကျေးရွာအုပ်စု ဘောလုံးပွဲတွေလည်းမကြာသေးခင်ရက်ကမှလုပ်နေကြတာ “လို့ ပေါင်းတည် မြို့ဒေသခံတစ်ဦးကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်းအမှတ်(၃၆၀၁) PPDF တပ်ခွဲ (၃) ကရဲဘော်တွေက တိုက်ခိုက်ခဲ့တာလို့ဖော်ပြထားပါတယ်။
