ဩဂုတ် ၁၊ The Nation Voice
မတည်ငြိမ်မှု၊ ဆူပူမှုတွေနဲ့ ကပ်ရောဂါတွေဖြေရှင်းနေရတာကြောင့် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်မဖော်နိုင်ခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။
မနေ့က သူ့ကိုယ်သူ သက်တမ်းတိုးပြီးတော့ ဒီနေ့မှာ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာကနေတစ်ဆင့် မိန့်ခွန်းပြောရာမှာ အဲဒီလို ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာတော့ ငါးချက်ထဲက ဦးစားပေးဆောင်ရွက်နိုင်တာကို ဆောင်ရွက်မှာဖြစ်ပြီး ပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ နိုင်ငံတော်အချုပ်အခြာ အာဏာကို ထိပါးမှုမဖြစ်အောင် ဆောင်ရွက်နေတယ်လို့လည်း ပြောပြန်ပါသေးတယ်။
စစ်ခေါင်းဆောင်ဟာ ယခုလိုပြောဆိုကတိတွေပေးနေပေမယ့် တစ်ဖက်မှာတော့ အာဆီယံဥက္ကဌက မလုပ်ပါနဲ့လို့ ပြောဆိုထားတာတွေကိုတောင် ပြောင်ပြောင်တင်းတင်းလုပ်ပြနေပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ပေးရေးကိုတောင် မရေမရာ ပြောဆိုထားတာလည်းဖြစ်ပါတယ်။
ဒီအချက်တွေကြောင့်လည်း အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်ကို ဖိတ်ကြားတာကိုပါရပ်ဖို့ မလေးရှားက ပြောဆိုခဲ့တာဖြစ်ပါတယ်။
