မြန်မာနိုင်ငံမှာဖမ်းဆီးခံထားရတဲ့ဂျပန်နိုင်ငံသား အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုထားကြောင်း ဂျပန်အစိုးရပြောခွင့်ရသူပြော

သြဂုတ် ၁၊ The Nation Voice

မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံသား (၁)ဦးဖမ်းဆီးခံထားရကြောင်းနဲ့ သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရကတောင်းဆိုထားကြောင်း ဂျပန်အစိုးရပြောခွင့်ရသူ (၁)ဦးက တနင်္လာနေ့မှာအတည်ပြုပါတယ်။

ဇူလိုင် ၃၀ ရက်က ဆန္ဒထုတ်ဖော်မှုကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးနေတဲ့အသက် ၂၀ ကျော်ဂျပန်နိုင်ငံသား (၁)ဦးကို ဖမ်းဆီးထားပြီး သူ့ကိုလွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ဖိအားပေးနေတယ်လို့ ဂျပန်အစိုးရအဖွဲ့ရုံးဒုတိယအကြီးအကဲ ဆဲအီဂျီ ကီဟာရာက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဖမ်းဆီးခံရသူ ဘယ်သူဆိုတာတော့ ကီဟာရာက နာမည်ထုတ်မပြောပါဘူး။အဲဒီလူဟာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူ ကူဘိုတာလို့ မြန်မာမီဒီယာတွေက ဖော်ပြပါတယ်။

Source – Reuters
Photo – Reuters

Leave a Reply

Your email address will not be published. Required fields are marked *