ဩဂုတ် ၁၊ The Nation Voice
မန္တလေးတိုင်း၊မတ္တရာမြို့နယ် ရေလည်ကျွန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်တပ်ဖွဲ့ဝင်တွေကို မနေ့ကနံနက်(၁၁)နာရီအချိန်လောက်မှာ ဒရုန်းနဲ့နှစ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ မိနစ် (၂၀)ကြာဖြစ်ပွားခဲ့တယ်လို့ BLACK WOLF-ARMY ကထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား(၅)ဦးခန့်သေဆုံးခဲ့ပြီး တိုက်ပွဲအပြီး ညနေ(၄)နာရီခန့်မှာ စကစတပ်ဖွဲ့ဝင်တွေက အနီးအနားရှိကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ BLACK WOLF-ARMY နဲ့အတူ မတ္တရာ ပကဖ၊ဝက်လက်မြို့နယ် နယ်စည်းမခြား တော်လှန်ရေးအင်အားစု၊ ရွှေဘိုခရိုင် အမှတ် (၁၈)တပ်ရင်း ၊ ရွှေဘို တပ်ရင်း (၅) တပ်ခွဲ (၁) စတဲ့မဟာမိတ် တပ်ပေါင်းစုတို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဟာ မဟာမိတ်တွေရဲ့ ရဲဘော် ( ၂ ) ဦး ကျဆုံးခြင်း၊ဒီမိုကရေစီ အရေးလှုပ်ရှားသူ ( ၄ ) ဦးကို မတရား ကြိုးမိန့် ပေးခံရခြင်း၊တအုံကျေးရွာနေ အပြစ်မဲ့ ပြည်သူ ( ၇ ) ဦး သတ်ဖြတ်ခံရခြင်း တို့ကို Black Wolf-PDF က လက်စားချေတိုက်ခိုက်တဲ့စစ်ဆင်ရေးတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
