ဩဂုတ် ၁၊ The Nation Voice
မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီထောက်တိုင်တွေ မနက်ဖြန် ဩဂုတ် ၂ရက်နေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ကြဖို့ ရေးဘီလူးအဖွဲ့က သတိပေးလိုက်ပါတယ်။
ပြည်သူ့အာဏာ မတရား လုယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီယန္တရား လည်ပတ်အောင် ကူညီပေးရင် ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးလိုက်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်လိုက်တာပါ။
ရေးဘီလူးအဖွဲ့အနေနဲ့ ရေးမြို့နယ်ထဲက စစ်ကောင်စီတပ်ရင်းနဲ့ ရဲစခန်းတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီ လက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ရှင်းလင်းခဲ့တာတွေလည်းရှိခဲ့ပါတယ်။
ဇူလိုင် ၂၈ရက်က ရေးရဲစခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သလို အဲဒီနေ့မနက်မှာလည်း စစ်ကောင်စီနဲ့ ပူပေါင်းပြီး ပြည်သူကို ဒုက္ခပေးနေတဲ့ ကဗျာ၀ ရွာသားတစ်ဦးကို ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
