ထိုင်းကိုတင်ပို့နေတဲ့ မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွား

သြဂုတ် ၂၊ The Nation Voice

မြန်မာနိုင်ငံကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ထိုင်းရေနံကုမ္ပဏီ PTTEP ရဲ့ဇောတိကလုပ်ကွက်ကနေ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့တင်ပို့နေတဲ့ပိုက်လိုင်းရဲ့ ကုန်းပေါ်ကတစ်နေရာမှာ ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့တင်ပို့မှုယာယီရပ်ဆိုင်းထားပါတယ်။

သြဂုတ် ၁ ရက်မနက်ပိုင်းက ယိုစိမ့်မှုကြောင့် ဓာတ်ငွေ့ဖိအားကျဆင်းခဲ့ပြီး ပိုက်လိုင်းကို ချက်ချင်းအလုံပိတ်လိုက်တယ်လို့ PTTEP ကပြောပါတယ်။

ကနဦးစစ်ဆေးမှုအရ ပေါက်ကွဲတာ၊ မီးလောင်တာတွေဖြစ်ထားတဲ့လက္ခဏာမတွေ့ရပါဘူး။ယိုစိမ့်ရတဲ့အကြောင်းရင်းကို နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေတုန်းပါ။

ပိုက်လိုင်းပြင်ဆင်မှုလုပ်ငန်းကို အရှိန်တင်နေပြီး(၂) ပတ်လောက်ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားတယ်ဆိုပြီး PTTEP ကပြောပါတယ်။အခြေအနေတိုးတက်လာတာရှိရင် ထပ်ပြီးထုတ်ပြန်ကြေညာသွားမယ်လို့ ကုမ္ပဏီဘက်ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *