ဝိုင်းမော်က အင်ဝမ်းယန်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA အသိပေး

ဩဂုတ် ၂၊ The Nation Voice

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်က အင်ဝမ်းယန် တပ်စခန်းကို ဒီနေ့မနက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနဲ့ ပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA အမှတ်(၅) တပ်မဟာ၊ အမှတ်(၃) တပ်ရင်းနယ်မြေ၊ကန်ပိုင်တီ Bum Tawng နဲ့ Hka Rum ကြား Nwan Yang ရွာအနီးမှာ တပ်စခန်းချနေတဲ့ ရန်သူတပ်စခန်းတစ်ခုကို ဩဂုတ် ၂ရက် မနက် ၈နာရီခွဲခန့်က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ ရန်သူတွေရဲ့ လက်နက် ခဲယမ်းတချို့များကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်းကိုလည်း မီးရှိ့ ဖျက်ဆီးခဲ့တယ်လို့ မြေပြင်သတင်းကို ကိုးကားဖော်ပြပါတယ်။

အဲဒီ ဒေသကို စစ်ကောင်စီရဲ့ ဝိုင်းမော်အခြေစိုက် ခ.လ.ရ (၅၈) တပ်က စစ်အင်အား (၅၀) ခန့် အင်အားဖြည့်တင်းလာလို့ တိုက်ပွဲဆက်ဖြစ်နိုင်ခြေရှိကြောင်းလည်း အသိပေးထားပါတယ်။

အခု တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အင်ဝမ်းယန်တပ်စခန်းမှာ စစ်ကောင်စီတပ်နဲ့စစ်ကောင်စီလက်ပါးစေ ဦးရွှေမင်း ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းနေရာယူထားတဲ့တပ်စခန်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဝိုင်းမော်မြို့နယ် ဝါးရှောင်ဒေသမှာ စစ်ကောင်စီနဲ့ ဦးရွှေမင်း ပြည်သူ့စစ်တပ်တွေက KIA တပ်စခန်းရှိရာ နေရာတွေကို ဝင်ရောက်လာလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *