ဩဂုတ် ၃၊ The Nation Voice
ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်မြို့၊မှော်ဇာဈေးအနီးက အ.ထ.က(ခွဲ)စာသင်ကျောင်းမှာ လုံခြုံရေးယူထားတဲ့ (က.ပ.စ) (၅) က အောင်မြင့်မြတ်ဆိုတဲ့ စကစတပ်သားတစ်ဦးကို ဒီကနေ့မနက်(၆)တန်းကျောင်းသားလေးတစ်ဦးက ဓားနဲ့ထိုးပြီးထွက်ပြေးသွားတယ်လို့သိရပါတယ်။
ဓားနဲ့ထိုးပြီးထွက်ပြေးသွားတဲ့(၆)တန်းကျောင်းသားကို စကစတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့ပြီး ရှပ်ထိဒဏ်ရာရသွားခဲ့ကာ ပြည်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
ဒီလို လိုက်လံပစ်ခတ်တာကြောင့် တခြားကျောင်းသား/ကျောင်းသူတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်သွားကြပြီး ကျည်ဆံထိမှန်ထားတဲ့(၆)တန်းကျောင်းသားလေးရဲ့ အသေးစိတ်အခြေအနေကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
