သြဂုတ် ၃၊ The Nation Voice
ထိုင်းနိုင်ငံရဲ့တတိယမြောက်မျောက်ကျောက်ရောဂါအတည်ပြုလူနာကို ဖူးခတ်မှာတွေ့ခဲ့တယ်လို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာနညွှန်ကြားရေးမှူး ဒေါက်တာ အိုပါ့ ကန်ကာဝင်ပေါင်က ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
ဇူလိုင် ၁၈ ရက်မှာ ဖူးခတ်ကို ကမ္ဘာလှည့်ခရီးသွားအနေနဲ့ရောက်လာတဲ့ အသက် ၂၅ နှစ်အရွယ် ဂျာမနီနိုင်ငံသားဖြစ်ကြောင်းလည်း အသိပေးပါတယ်။
စောင့်ကြည့်ကာလက (၂၁) ရက်ဖြစ်တာကြောင့် အဲဒီလူဟာ တခြားတစ်နိုင်ငံကနေ ကူးစက်လာတာလို့ ယူဆကြပြီး သူနဲ့အနီးကပ်နေထိုင်ခဲ့သူတွေကို ရောဂါကူးစက်မှုရှိ၊ မရှိစစ်ဆေးဖို့ အာဏာပိုင်တွေက ရှာဖွေနေတယ်လို့လည်း ပြောပါတယ်။
လူနာမှာ အဖျားရှိကြောင်းတွေ့ခဲ့ရပြီး လိင်အင်္ဂါတဝိုက်မှာ စတွေ့ရတဲ့အရည်ကြည်ဖုတွေက နောက်ပိုင်းမှာ တကိုယ်လုံးပျံ့နှံ့သွားတယ်လို့လည်း ဒေါက်တာ အိုပါ့ကပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ပထမဆုံးမျောက်ကျောက်ကူးစက်အတည်ပြုလူနာ (၂) ဦးလည်း ဗိုင်းရပ်စ်သတ်ဆေးတွေသောက်စရာမလိုဘဲ တဖြည်းဖြည်းချင်းသက်သာလာပြီလို့ သူက အသိပေးပါတယ်။
မျောက်ကျောက်ကူးစက်ခံရသူလူနာတွေဟာ အကူအညီမလိုဘဲ ပြန်လည်သက်သာလာနိုင်ပြီး မပြင်းထန်သလို အလွယ်တကူမကူးစက်နိုင်ဘူးလို့လည်း သူကပြောပါတယ်။
