သြဂုတ် ၃၊ The Nation Voice
မကွေးတိုင်း ပေါက်မြို့နယ်မှ ထိုင်းငံရောက်လူငယ်တွေစုစည်းပြီး ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့(ခွဲ)ကို တည်ထောင်ဖွဲ့ စည်းလိုက်တယ်လို့ ပေါက်တောင်ပိုင်းပြောကျားတပ်ဖွဲ့ SPGF က ဒီကနေ့ သြဂုတ် (၃) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ခုလိုတပ်ဖွဲ့ခွဲဖွဲ့စည်းရတဲ့ ရည်ရွယ်ချက် (၆)ချက်ရှိပြီး အဲဒီအထဲမှာ ပေါက်တောင်ပိုင်း စစ်ဘေးရှောင်ပြည်သူများနဲ့ တော်လှန်ရေးအဖွဲ့များအတွက် ရန်ပုံငွေပိုမိုရရှိဖို့၊ ထိုင်းနိုင်ငံထဲ ပျူများကို သတင်းပေးခြင်း၊ ထောက်ခံခြင်း၊ ဆက်နွယ်ခြင်း၊ ပါတ်သက်ခြင်း၊ အာချောင်ခြင်း စတဲ့ တော်လှန်ရေးနှောင့်နှေးစေရန် ပါ၀င်သူများကို သုတ်သင်ရှင်းလင်းဖို့ စတဲ့အချက်တွေပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထောက်ပို့ ရဲဘော်များရဲ့ သတင်းလုံခြုံမှုနဲ့ မိသားစုအန္တရယ်အတွက် လက်တုံ့ပြန်နိုင်ရန်၊ အလင်းမ၀င်ဘဲ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသော ပျူစောထီးများကို သုတ်သင်ရန်၊ အကယ်၍ ပျူစောထီး များမှ အပြစ်မဲ့ပြည်သူကို နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းကျူးလွန်ခဲ့လျှင် ၎င်းတို့ရဲ့ ဆွေမျိုးရင်းခြာ ပျူနွယ်များအား လက်တုန့်ပြန်နိုင်ရန်နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး နိုင်ငံတကာရောက်နေသော ပြည်သူများနဲ့ ချိတ် ဆက်လှုပ်ရှားနိုင်ရန်တို့ဖြစ်တယ်လို့ ဖော်ပြပါတယ်။
“ဤအဖွဲ့စည်းသည် SPGF ၏ စည်းမျဉ်း စည်းကမ်းများကို လိုက်နာပြီး ခွင့်ပြုထာသောဘောင်အတွင်းမှ လှုပ်ရှားသွားမည်ဖြစ်ကြောင်း အသိပေးအပ်သည်”လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။ ထိုင်းနိုင်ငံရောက် ပေါက်လူငယ်များနဲ့ တပ်ဖွဲ့ခွဲတစ်ခုဖွဲ့စည်းခြင်းကို SPGF တပ်ရင်းမှူးရဲ့ တရား၀င် ခွင့်ပြုအမိန့်နဲ့အတူ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရောက် ပေါက်တောင်းပိုင်းပြောက်ကျားတပ်ဖွဲ့ကို အမာခံလူ (၇၀) ဦးနဲ့ ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
