ဩဂုတ် ၃၊ The Nation Voice
ပဲခူးတိုင်း၊သာယာဝတီခရိုင်၊အောင်သုခကျေးရွာ ကအုပ်ချုပ်ရေးမှူး ဒလံလှစိုးဆိုသူကို ဩဂုတ် (၁) ရက်နေ့ည(၉)နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ပြီးရှင်းလင်းခဲ့တယ်လို့ နတ်စစ်သည်(ပ.က.ဖ)ကထုတ်ပြန်ပါတယ်။
လင်းမအင်းအုပ်စု၊အောင်သုခကျေးရွာအုပ်ချုပ်ရေးမှူး ဒလံအကြီးစား ဦးလှစိုးဟာ စကစအလိုကျသတင်းပေးတာ၊ဆည်အထက်ပိုင်း/အတွင်းပိုင်းမှာရှိတဲ့ ပြည်သူတွေကို စားနပ် ရိက္ခာဖြတ်တောက်တာ၊စက်လှေတွေကိုအကြောင်းမဲ့ ဆပ်ကြေးကောက်ခံတာအပြင် စကစ တပ်သားတွေအလိုကျ အပြစ်မဲ့အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ငွေတောင်းခံတာနဲ့ သူရဲ့သားကို ပျူစောထီးအဖွဲ့ဝင်စေကာ နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးနေတာကြောင့် ဒလံအကြီးစား လှစိုးဆိုသူကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-(၃၈၀၁)၊တပ်ခွဲ-(၃)၊နတ်စစ်သည်အဖွဲ့က သေနတ်နဲ့(၆)ချက် ပစ်ခတ် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။
ပစ်ခတ်ရှင်းလင်းချိန်မှာ ဦးလှစိုးရဲ့ နောက်လိုက်တစ်ဦးကိုပါ ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုတော့မသိရသေးဘူးလို့ ဆိုပါတယ်။
