ဩဂုတ် ၃၊ The Nation Voice
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဗန်းမောက်ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် များနိုင်ကြောင်း Banmauk Revolution က ဖော်ပြပါတယ်။
မနေ့က ဩဂုတ် ၂ရက် ညပိုင်းမှာ ဗန်းမောက်မြို့နယ် ကျွဲကောကြီးကျေးရွာနဲ့ဆင်ကန်ရွာကြားမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားနိုင်တယ်လို့ ဖော်ပြထားပြီးကာကွယ်ရေးတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
တိုက်ခိုက်တာဟာ ညအချိန်ဖြစ်လို့ စစ်ကောင်စီတပ်က သေဆုံးထိခိုက်အရေအတွက်ကို အတိအကျ မသိဘူးလို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ဗန်းမောက်တောင်ပိုင်းဒေသတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော်၊ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
