ဩဂုတ် ၃၊ The Nation Voice
မန္တလေးကနေ မုံရွာဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို မနေ့ကမွန်းလွဲပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ZERO ပြောက်ကျား တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၂ရက် မွန်းလွဲပိုင်းက ယာဉ်အစီးရေ(၃၀) ကျော်ပါတဲ့ယာဉ်တန်းကို မြင်းမူမြို့နယ် ဝမ်းပြည့်နဲ့ အလ္လကပ္ပကြားမှာ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီးထိခိုက်ကာ စစ်ကောင်စီတပ်က(၇)ဦးသေဆုံးခဲ့ပြီး ခြေပြတ်လက်ပြတ်များစွာ မြင်းမူဆေးရုံကို ရောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို PKDF / DBBF / G4G PDF စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်ပါတယ်။
