လုံခြုံရေးအရ ဆော – ဆိပ်ဖြူလမ်းပိုင်းအား ယာယီပိတ်လိုက်ကြောင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်

သြဂုတ် ၃၊ The Nation Voice

ဒေသတွင်းလုံခြုံရေးအရ ဆော – ဆိပ်ဖြူလမ်းပိုင်းအား ဒီနေ့ သြဂုတ် (၃) ရက် မနက်ပိုင်းကစပြီး ယာယီပိတ်လိုက်တယ်လို့ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LSRPDF)က အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ ဆောမြို့နယ် ကန်ဇွန်းမဘက်မှ စစ်ကား (၃) စီးဟာ ဖလံမကျေးရွာနားထိ ရောက်လာတာကြောင့် ဆော – ဆိပ်ဖြူလမ်းပိုင်းကို လုံခြုံရေးအရ အရေးပေါ် ခေတ္တယာယီပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

” ပြည်သူများ အနေဖြင့် ဆော/ ဆိပ်ဖြူ လမ်းပိုင်း အား ၃.၈.၂၀၂၂ မှ လမ်းပိုင်းအသုံးပြုမှုဆိုင်ရာ ကြေညာချက် အသစ် မထုတ်ပြန်မချင်း အသုံးမပြုကြရန် မေတ္တာ ရပ်ခံအပ်ပါသည် ” လို့ LSRPDF က အသိပေးပါတယ်။

အဲဒီ ဆော – ဆိပ်ဖြူလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် (၂၇) ရက်ကမှ လမ်းအသုံးပြုခွင့် ပြန်လည်ခွင့်ပြုထားတဲ့ လမ်းပိုင်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့လထဲ ဇူလိုင် (၉)ရက်မှာ စတင်ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

လမ်းပိုင်း ပြန်လည်အသုံးပြုခွင့်ရမယ့်အခြေအနေကို ပြန်လည်အသိပေးထုတ်ပြန်သွားမယ်လို့ LSRPDF က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *