ဩဂုတ် ၃၊ The Nation Voice
မွန်ပြည်နယ်၊ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာမှာတပ်စွဲထားတဲ့ စကစ စခန်းဟာ KNU တပ်မဟာ (၁)ထိန်းချုပ်ရာနယ်မြေထဲမှာရှိနေလို့ ဒေသခံတပ်တွေနဲ့မကြာခဏဆိုသလိုထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး ဇူလိုင်(၃၁)ရက်နေ့ည(၇)နာရီခွဲဝန်းကျင်လောက်ကလည်း KNU လက်အောက်ခံတပ်တွေက ဝင်းတာပန်ကျေးရွာနားက စကစ တပ်စခန်းကိုသွားရောက်ပစ်ခတ်ခဲ့ပါတယ်။
ပစ်ခတ်မှုအပြီးနောက်တစ်နေ့မှာတော့ စကခ(၈)(ပိန္နဲတော) လက်အောက်ခံ ခမရ(၄၁၀)က စခန်းမှူးအဖြစ်တာဝန်ယူထားတဲ့ တပ်ခွဲမှူးမျိုးကျော်မြင့်ဟာ ကျေးရွာထဲက ရပ်မိရပ်ဖတွေကိုခေါ်ယူစည်းဝေးပြီး KNU လက်အောက်ခံတပ်တွေ သူတို့ရဲ့စခန်းတွေကိုလာရောက်ပစ်ခတ်မယ်ဆိုရင် ရွာထဲကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာလို့သိရပါတယ်။

အခုလက်ရှိမှာတော့ KNU လက်အောက်ခံပူးပေါင်းတပ်တွေနဲ့ စကစတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပေါ်နေပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးတွေရှိနေသလို အရပ်သားပြည်သူတွေဟာလည်း စကစရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရပြီး အရေးပေါ်စားနပ် ရိက္ခာနဲ့ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့လည်းသိရပါတယ်။
