ဩဂုတ် ၃၊ The Nation Voice
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ခွင့်မရတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို ဒီနေ့ ဩဂုတ် (၃) ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခွင့်မရရှိဘဲ မြန်မာနိုင်ငံအလံကိုတော့ ထည့်သွင်းပေးထားပါတယ်။
တတိယအကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနဲ့ပတ်သက်ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က သူ့ရဲ့လူမှုကွန်ယက်မှတဆင့် ပြောကြားထားပါတယ်။
အာဆီယံစည်းဝေးပွဲကိုတက်ဖို့ ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မှာရောက်နေကြတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဩဂုတ် (၂) ရက်နေ့က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအပါအဝင် တခြားအကြောင်းအရာတွေကို ကြိုတင် ဆွေးနွေးခဲ့ကြတယ်လို့လည်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
