အစိုးရအဖြစ် အသိအမှတ်ပြုခံချင်လွန်းတဲ့အတွက် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ကိုသွားရောက်တဲ့အပေါ်ကို စိုးရိမ်တယ်လို့ စစ်ကောင်စီက ဘာမဆိုင်ညာမဆိုင်ထုတ်ပြန်

သြဂုတ် ၃၊ The Nation Voice

အစိုးရအဖြစ် အသိအမှတ်ပြုခံချင်လွန်းတဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးရာဝန်ကြီးဌာနက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်တဲ့အပေါ်ကို မြန်မာက စိုးရိမ်တယ်လို့ ဘာမဆိုင်ညာမဆိုင်ထုတ်ပြန်ချက်ကို ဒီနေ့ ထုတ်ပြန်ပါတယ်။

သူတို့ထုတ်ပြန်ချက်မှာတော့ ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုများမြင့်တက်စေတဲ့ အမေရိကန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စနန်စီပလိုစီရဲ့ ထိုင်ဝမ်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကို မြန်မာနိုင်ငံနဲ့ ဘာမှမဆိုင်ဘဲ များစွာစိုးရိမ်ပူပန်မိတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း မတည်ငြိမ်မှုဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့လုပ်ရပ်တွေနဲ့ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်တဲ့ အားထုတ်မှုတွေကို ဆန့်ကျင်တယ်လို့လည်း တရုတ်တို့အတွက် ဆိုထားပါသေးတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေအစား ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်းတို့ကတစ်ဆင့် တင်းမာမှုတွေ လျော့နည်းစေရေး ဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးကို တောင်းဆိုလိုက်ပါသေးတယ်။

နောက်ဆုံးမှာတော့ မြန်မာနိုင်ငံအနေနဲ့ တရုတ်တစ်နိုင်ငံရဲ့မူဝါဒကို အပြည့်အဝထောက်ခံပါကြောင်းနဲ့ ထိုင်ဝမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ခွဲထွက်မရတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူကြောင်းကိုလည်း အတည်ပြုတယ်လို့လည်း သူများကိစ္စကို သွားရောက်စွက်ဖက်ထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *