ဩဂုတ် ၃၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေမှာ ဇူလိုင်လအတွင်းက တိုက်ပွဲပေါင်း(၁၁၀)ဖြစ်ခဲ့ပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တို့ (၈၈)ဦး သေဆုံးခဲ့ပြီး (၅၇)ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က သေဆုံးခဲ့သူတွေထဲမှာ ဗိုလ်တစ်ဦးပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူး တစ်ဦးနဲ့တပ်ကြပ်ကြီးတစ်ဦးပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လက်နက်နဲ့ ကျည်ဆံ သယ်ဆောင်လာတဲ့ ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ထောက်ပို့ မြင်းလား(၈)ကောင် သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်တွေကျဆုံးမှု မရှိပေမယ့်(၉)ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ(၂)ဦး သေဆုံးပြီး(၅)ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
