စကစကြောင့် နေအိမ်တွေမီးရှို့ခံခဲ့ရတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုဒေသခံ(ပ.က.ဖ)တွေက နေ့စဉ်စားဝတ်နေရေးကူညီမှုများပေးနေ

ဩဂုတ် ၄၊ The Nation Voice

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးခြင်းကိုခံလိုက်ရတဲ့ စစ်ဘေးရှောင်ပြည်သူ (၁၀၀၀)လောက်ကို Monywa Peregrine PDF နဲ့ တခြားကျေးရွာ (ပ.က.ဖ) အဖွဲ့‌ဝင်တွေ ဦးဆောင်ပြီး နေ့စဉ်စားဝတ်နေရေးကို ကူညီစောင့်ရှောက်ပေးနေတယ်လို့သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဆောင်ရွက်ဖို့ တစ်ရက်ကို စုစုပေါင်းကုန်ကျငွေ ပျမ်းမျှ(၁၀)သိန်းကနေ(၁၃)သိန်းအထိ ကုန်ကျ‌မှုတွေရှိနေတယ်လို့ဆိုပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်ပြည်သူတွေကို ဆက်လက်ကူညီထောက်ပံ့နိုင်ဖို့ ပြည်သူတွေဆီက အရေးပေါ်ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ စကစနဲ့ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ မကြာခဏဆိုသလိုတိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တာ၊ကျေးရွာနေပြည်သူတွေရဲ့နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့တာတွေလုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီတွေလည်း လိုအပ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *