ဩဂုတ် ၄၊ The Nation Voice
မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စကစ ထောက်ခံပွဲပြုလုပ်ဖို့ ပြင်ဆင်နေကြချိန် မဟာမိတ်တွေကစကစတပ်သားတွေအထိုင်ချစခန်းကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black God ပျောက်ကျားတပ်ဖွဲ့ ကထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ်၊အနောက်ဘက်အဝင် ကိုးဆောင်ကျောင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့စကစ စခန်းကို ဒေသခံပူးပေါင်းတပ်တွေက (၈၀)မမ၊(၁၀၀)မမ၊(၁၂၀)မမ လက်လုပ် လက်နက်ကြီးနဲ့ အချက်နှစ်ဆယ် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပစ်ခတ်ခတ်မှုမှာ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး(၄)ချက်ပြန်လည်ပစ်ခတ်ခဲ့ပြီး နာရီဝက်လောက် နှစ်ဖက်အပြန်အလှန်လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြားနိုင်ပြီး အထိအခိုက်စာရင်းအတိအကျကိုတော့ မသိသေးဘူးလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ Black God ပြောက်ကျားတပ်ဖွဲ့နဲ့အတူတရုတ်ကြီးပြောက်ကျားတပ်ဖွဲ့၊မိုက်ခဲပြောက်ကျားတပ်ဖွဲ့နဲ့ တခြားသောဒေသခံပူးပေါင်းတပ်တွေက အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။ Black God ပျောက်ကျားတပ်ဖွဲ့၏ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။
