စစ်ဆင်ရေးလုပ်ဖို့ မြှုပ်ထားတဲ့မိုင်းတွေ ရွာသားတချို့ရဲ့သတင်းပေးပို့မှုကြောင့် စကစက လာရောက်တူးဖော်သွား

ဩဂုတ် ၄၊ The Nation Voice

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ထဲမှာ စစ်ဆင်ရေးလုပ်ဆောင်ဖို့ ထောင်ထားတဲ့မိုင်းတွေကို ဒေသခံရွာသားတချို့ကတွေ့ရှိသွားပြီး အုပ်ချုပ်ရေးမှူးကိုအကြောင်းကြားလိုက်တာကြောင့် စကစတပ်သား (၅၀)ခန့်‌ရောက်ရှိလာပြီး မြှုပ်ထားတဲ့မိုင်းတွေကို ဖော်ယူသိမ်းဆည်းသွားခဲ့တယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

“အဲ့ဒီထောင်ထားတဲ့မိုင်းတွေကို ရွာသားတချို့ တွေ့သွားပြီး အုပ်ကြီးကို အကြောင်းကြားတော့ ခွေးအကောင် ၅၀ လောက်ရောက်လာပြီး မြှုပ်ထားတဲ့ မိုင်းတွေ ကို ဖော်ပြီး သိမ်းယူခြင်းကို ခံလိုက်ရတာပါ။အဲ့ပွဲအတွက် ပြင်ဆင်ထားခဲ့ရတဲ့ ကုန်ကျစရိန် (၈)သိန်းနီးပါးလောက်ဟာ သဲထဲရေသွန်သလိုမျိုး ဖြစ်ခဲ့ရပါတယ် ထပ်ပြီးပြင်ဆင်နိုင်ဖို့ ကြိုးစားရပါဦးမယ်။လိုအပ်တဲ့ ငွေကြေးအခက်အခဲအတွက် ပစ္စည်းလေးတစ်ခု ထုတ်ပြီးလေလံတင်ရောင်းချဖို့ စီစဉ်ထားပါတယ်ပွဲကနိုင်ဖို့ ဝယ်ယူပေးကြဖို့လည်း မျှော်လင့်ထားပါသေးတယ်”လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ ပြောထားပါတယ်။

သိမ်းဆည်းခံလိုက်ရတဲ့မိုင်းတွေဟာ ပြီးခဲ့တဲ့ဇူလိုင်လ(၁၉)ရက်နေ့ကတည်းက စဉ့်ကူးနယ်ထဲမှာ စစ်ဆင်ရေးလုပ်ဆောင်ဖို့ ပြင်ဆင်ထားခဲ့တာလို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *