နိုဝင်ဘာထိပ်သီးအစည်းအဝေးအထိ မြန်မာနိုင်ငံကို အာဆီယံသေသေချာချာစောင့်ကြည့်ဖို့ရှိနေ

သြဂုတ် ၄၊ The Nation Voice

နောက်ဆုံး ဆုံးဖြတ်ချက်မချခင် လာမယ့်(၃)လတလျှောက်လုံး မြန်မာနိုင်ငံရဲ့လှုပ်ရှားမှုတွေကို သေသေချာချာစောင့်ကြည့်သွားဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ကတိပြုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့မခြားနားဘူးလို့ယူဆရတဲ့လုပ်ရပ်တွေကြောင့် အာဆီယံအဖွဲ့က ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ အဖွဲ့ဝင်နိုင်ငံတွေကြားသဘောထားကွဲလွဲနေချိန်မှာ ဆုံးဖြတ်လိုက်တာပါ။

မြန်မာနိုင်ငံကဆက်ဖြစ်နေတဲ့ပဋိပက္ခတွေကြောင့် တင်းမာမှုတွေဆက်ဖြစ်နေပြီး အာဆီယံဘုံသဘောတူညီချက်(၅)ချက်ကို မြန်မာစစ်ခေါင်းဆောင်တွေက လိုက်နာဖို့ပျက်ကွက်နေချိန်မှာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံမြို့တော်ဖနွမ်းပင်မှာ (၅၅)ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးစတင်ခဲ့ပါတယ်။

ဘုံသဘောတူညီချက်မှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့၊ အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလုပ်ဖို့၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ဖို့နဲ့ မြန်မာနိုင်ငံကို ကိုယ်စားလှယ်သွားရောက်ဖို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးသွားဖို့ တို့ပါဝင်ပါတယ်။

နိုဝင်ဘာလမှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအထိ မြန်မာနိုင်ငံကို သေသေချာချာစောင့်ကြည့်ဖို့ သဘောတူနိုင်ခဲ့တယ်ဆိုပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ကပြောပါတယ်။

Source – The Jakarta Post Photo – AFP

Leave a Reply

Your email address will not be published. Required fields are marked *