သြဂုတ် ၄၊ The Nation Voice
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့က ဇူလိုင်လ (၄) ရက်နေ့ကနေ ဇူလိုင်လ (၂၆) ရက်နေအထိ စစ်ကောင်စီတပ်သား (၉) ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖရူဆိုမြို့နယ်၊ ထီခူးတောမှာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ( ၄၂၈ ) တပ်မှာရှိတဲ့ စစ်သား တစ်ဦးကို ဇူလိုင်လ (၄) ရက်နေ့မှာ တစ်ကြိမ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှာ စစ်သား (၂) ဦး၊ဇူလိုင်လ (၂၅) ရက်နေ့မှာ စစ်သား (၂) ဦး၊ဇူလိုင်လ (၂၆) ရက်နေ့မှာ စစ်သား (၃) ဦးတို့ကို ပစ်ခတ်နိုင်ခဲ့တာပါ။
ဒါ့အပြင် ဖယ်ခုံမြို့နယ် လွယ်မကူးတောင်ပေါ်မှာ တပ်စွဲထားတဲ့ရန်သူစခန်းကို ဇူလိုင်လ (၃) ရက်နေ့ကလည်း သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးခဲ့ပါသေးတယ်။
ဇူလိုင်လ (၁၈) ရက်နေ့မှာတော့ မိုးဗြဲတိုက်ပွဲမှာ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရန်သူစစ်သား (၃) ဦးကိုသုတ်သင်နိုင်ခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
