ဩဂုတ် ၄၊ The Nation Voice
ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်၊ဥတိုချောင်းဖျားကျေးရွာက စစ်ကောင်စီသတင်းပေး ရာအိမ်မှူးဦးမြင့်ဦးဆိုသူကို မနေ့က”ဇေယျာသော်စစ်ဆင်ရေး”အဖြစ်ရှင်းလင်းလိုက်တယ်လို့ ရွှေတန်းမြေသူရဲကောင်းများ အဖွဲ့ကထုတ်ပြန်ပါတယ်။
စကစ သတင်းပေးဒလန် ရာအိမ်မှူးဦးမြင့်ဦးဟာ အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ဒေသခံပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေကို စစ်တပ်နဲ့ရဲခေါ်ကာဖမ်း ခိုင်းတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းအချက်အလက်တွေကို စစ်ကောင်စီဆီသတင်းပို့တာ၊စစ်တပ်နဲ့ရဲ အားကိုးနဲ့ စစ်အုပ်စုအတွက် ဝင်ငွေရစေမယ့် မီတာခတွေ ကောက်ခံတာ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆဲရေးတိုင်းထွာ စိန်ခေါ်တာတွေကို ပြုလုပ်နေကြောင်း သတင်းပေးချက်တွေအရသိရတာကြောင့်သေချာ စိစစ်အတည်ပြုပြီးမှ အခုလိုရှင်းလင်းလိုက်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုကို စိတ်ရောကိုယ်ပါအားပေးဆောင်ရွက်နေတဲ့ စကစရဲ့ထောက်တိုင်မှန်သမျှကိုလည်း “ဇေယျာသော်စစ်ဆင်ရေး”အဖြစ်စတင်တိုက်ခိုက်သွားတော့မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း စကစထောက်တိုင်တွေနဲ့ လုံးဝ(လုံးဝ)အနီးကပ်သွားလာခြင်းမပြုဖို့ကိုလည်း မေတ္တာရပ်ခံထားပါသေးတယ်။
