ဩဂုတ် ၅၊ The Nation Voice
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းမှာ စကစနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ (၂)ရက်ကြာတိုက်ပွဲပြင်းထန်နေခဲ့ပြီး ဒေသခံ(ပ.က.ဖ)တွေအနေနဲ့ အရေးပေါ်အကူအညီတွေလိုအပ်နေတယ် လို့သိရပါတယ်။
PDF(Kalay)တပ်ရင်း(၁)၊(၂)၊(၃)၊(၅)၊(၆)၊(၇)၊(၈)၊(၁၂)၊ပ.က.ဖ(ကလေး)၊ CNDF/CDF/KKG/RKDF ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီနဲ့တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတာပါ။

PDF(Kalay)တပ်ရင်း(၁၂)ကရဲဘော်တွေဟာ ရှေ့တန်းစစ်မျက်နှာပြင်ကိုရောက်ရှိနေတာ ဇူလိုင်လကတည်းကဖြစ်တာကြောင့် လိုအပ်ချက်တွေအများအပြားရှိနေတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေကိုခေါင်းမဖော်နိုင်အောင် ပစ်ခတ်နေတဲ့ PDF ရဲဘော်တွေအတွက် ကျည်ဆံတွေ၊တိုက်ပွဲတွေကို လျှင်လျှင်မြန်မြန် ဖော်ဆောင်နိုင်ဖို့အတွက် ဆိုင်ကယ်ဓါတ်ဆီတွေအပြင် တောထဲတောင်တွင်အိပ်စက်ရတာဖြစ်တာကြောင့် စောင်၊တာရပတ်တွေကအစ လိုအပ်နေတာဖြစ်ပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စကစတပ်ဟာ ကလေးနည်းပညာတက္ကသိုလ်အတွင်းနဲ့ကလေးမြို့အတွင်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အတွင်းတို့ကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကိုအဆတ်မပြတ်ပစ်ခတ်နေပြီး ၅၅မိုင်ရွာအတွင်းက အပြစ်မဲ့ပြည်သူတချို့ကိုလည်း စကစက ဖမ်းစီးသွားခဲ့ပါသေးတယ်။
