စစ်တပ်ထောက်ခံတဲ့ပျူတွေ စစ်တပ်စစ်ကြောင်းဝင်လာရင် ထွက်ပြေးနေရပြီလို့ဆို

သြဂုတ် ၅၊ The Nation Voice

ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေမသိအောင် လက်ခံထားတာကို တွေ့ရင် ပြင်းထန်စွာအရေးယူမယ်လို့ Salingyi G-Z Local PDF က ဒီနေ့ သြဂုတ် (၅) ရက်မှာ ထုတ်ပြန်ပါတယ်။ အခုအခါ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပျူ၊ ဒလန်တွေဟာ စစ်ကောင်စီကို သတင်းပေး ထောက်ခံနေပေမယ့် အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရင်တော့ သူတို့လည်း ကျေးရွာတွေကို စွန့်ခွာထွက်ပြေးနေရပါတယ်။

အဲဒီလို စွန့်ခွာထွက်ပြေးလာတဲ့ ပျူဒလန်တွေဟာ ပတ်ဝန်းကျင်ကျေးရွာတွေကို ခိုဝင်နေထိုင်ကြရပြီးခိုဝင်လာတဲ့ ပျူ၊ ဒလန်တွေအနက် အချို့ဟာ နာမည်ထွက်ထားပြီးသူတွေဖြစ်လို့ သိရှိရပေမယ့် အချို့မှာ တိတ်တဆိတ် လှုပ်ရှားသူတွေဖြစ်လို့ ပြည်သူတွေက မသိရှိနိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် စစ်ဘေးရှောင် ပျူ၊ ဒလန်တွေကို မြို့နယ်(ပကဖ)နဲ့ ပအဖတို့က စနစ်တကျ သတိပေးတာ၊ပြစ်မှုတွေ့ရင် ဖမ်းဆီးအရေးယူတာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ရမယ်လို့လည်း သတိပေးထားပါတယ်။

ဒါပေမယ့် အချို့အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကတော့ ပျူ၊ ဒလန်တွေနဲ့ ဆွေးမျိုးတော်စပ်မှု ၊ပုဂ္ဂိုလ်ရေးခင်မင်မှုကို အခြေခံပြီး တိတ်တဆိတ်ခေါ်ဆောင်ကာ မိမိသဘောအတိုင်းလုပ်ဆောင်နေတာတွေကို စိစစ်တွေ့ရှိလာရတဲ့အတွက် သက်ဆိုင်ရာ (ပကဖ)နဲ့ ပအဖ အသိမပေးပဲ ခေါ်ဆောင်၊ ပို့ဆောင်တာတွေကို တွေ့ရှိရင် ပြင်းပြင်းထန်ထန်အရေးယူမှာဖြစ်တယ်လို့ ကြေညာထားတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *