သြဂုတ် ၅၊ The Nation Voice
တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နာစဘတ်ဂ်မြို့နားကမြို့နယ်တစ်ခုရဲ့ဒေသခံတွေက ဒေသတွင်းသတ္တုမိုင်းတွေမှာ တရားမဝင်အလုပ်လုပ်နေတယ်လို့ယူဆကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့အိမ်တွေကို မီးရှို့လိုက်ပါတယ်။

ပြီးခဲ့တဲ့တပတ်မှာ အမျိုးသမီး(၈)ဦးကို မိုင်းလုပ်သားတွေက အုပ်စုဖွဲ့အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲမှုတွေရှိပြီးနောက် ဒေါသထွက်နေကြတာပါ။ အဲဒီအုပ်စုဖွဲ့ကျူးလွန်မှုနဲ့ပတ်သက်လို့ ရဲတွေက လူဒါဇင်ချီကို စစ်ဆေးမေးမြန်းနေပေမဲ့ ဘယ်သူ့ကိုမှစွဲချက်တင်ထားတာမရှိသေးပါဘူး။ ကြာသပတေးနေ့မနက်ပိုင်းမှာ မြေပြင်နဲ့ဝေဟင်မှာရဟတ်ယာဉ်နဲ့ရှိနေတဲ့ရဲတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ရော်ဘာကျည်တွေသုံးပြီး မိုင်းတွင်းလုပ်သားတွေနောက်ကိုလိုက်တဲ့ ဒေါသထွက်နေတဲ့လူအုပ်ကြီးကို လူစုခွဲခဲ့ပါတယ်။
အခုဖြစ်ရပ်ကြောင့် ပစ်မှတ်ဖြစ်ခဲ့တဲ့သူတွေ အသတ်မခံရဖို့ကာကွယ်တဲ့အနေနဲ့ ရဲတွေက လူ(၂၂) ဦးကို ထိန်းသိမ်းထားပါတယ်။ အခုဖြစ်ရပ်တွေကြောင့် လူတစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒီဖြစ်ရပ်နဲ့ဆက်စပ်ခြင်းရှိ၊ မရှိအတည်မပြုနိုင်သေးပါဘူး။
