ထီးချိုင့်ဘောလုံးကွင်းမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၂)ဦးထက်မနည်းသေဆုံး

ဩဂုတ် ၅၊ The Nation Voice

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ဘောလုံးကွင်းကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးထက်မနည်း သေဆုံးပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Tigyaing Revolution က ဖော်ပြပါတယ်။

ထီးချိုင့်မြို့နယ် ကြက်သွန်ခင်းရွာဘက်ကနေ ထီးချိုင့်ဘောလုံးကွင်းကို ပြန်ဝင်လာတဲ့ စစ်ကောင်စီတပ်ကို ဩဂုတ် ၅ရက် မနက် ၁၁နာရီ ၂၀မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူနာတင်ယာဉ်နဲ့ ဆေးရုံကို သယ်သွားတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ကပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဆိုက္ကားဆရာတစ်ဦးနဲ့ လမ်းသွားလမ်းလာ (၂)ဦး ဒဏ်ရာရခဲ့သလို မြို့မတောင်ပေါ်ရဲစခန်းကလည်း ရမ်းသမ်းပစ်ခတ်ခဲ့လို့ ရွာသစ်ကုန်းရပ်ကွက်မှာရှိတဲ့ အိမ်တချို့ကျည်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ကာကွယ်ရေးအဖွဲ့တွေ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *