ဩဂုတ် ၅၊The Nation Voice
ရန်ကုန်တိုင်း၊ဗိုလ်တစ်ထောင်မြို့မှာ ပြီးခဲ့တဲ့မတ်လအတွင်းကဖမ်းဆီးခံလိုက်ရတဲ့ တက္ကသိုလ်ကျောင်းသား(၄)ဦးဖြစ်ကို ဒီကနေ့အင်းစိန်ထောင်မတရားရုံးက ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ကျူးလွန်တယ်ဆိုပြီး ထောင်ဒဏ် (၃)နှစ်စီချမှတ်လိုက်တယ်လို့သိရပါတယ်။
အဲ့ဒီကျောင်းသားတွေကတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကိုကျော်ထက်အောင်၊ကိုသက်အောင်မိုး၊မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသူဟောင်း မမိုးမဉ္ဇူ(ခ)မရှလောင်ဝ်နဲ့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကကိုစိုင်းမင်းခန့်ကျော်တို့ဖြစ်ပါတယ်။


တရားစွဲဆိုခံလိုက်ရတဲ့အမှုမှာ အပြစ်မရှိကြောင်းပေါ်ပေါက်တာကြောင့် ဗိုလ်တစ်ထောင်မြို့နယ်တရားသူကြီး ဦးတင်မျိုးက အပြစ်မရှိကြောင်းအမိန့်ထုတ်ပြန်ဖို့ကြိုးစားခဲ့ပေမယ့် စကစလက်အောက်ခံရန်ကုန်တိုင်းတရားသူကြီးချုပ်ရဲ့ အတင်းအကြပ်ခြိမ်းခြောက်စေခိုင်းမှုကြောင့် မတရားအမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး တခြားအကြမ်းဖက်ပုဒ်မတွေနဲ့ပါထပ်မံအမှုဆင်ဖို့ နယ်လုံဝန်ကြီးက အမိန့်ပေးထားတယ်လို့ ရဲသတင်းအမြစ်တွေဆီက သိရတယ်ဆိုပြီးရန်ကုန်တိုင်းစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီး)က သတင်းထုတ်ပြန်ထားပါတယ်။


ဒီလ ဩဂုတ်(၈)ရက်နေ့မှာလည်း အရှေ့ပိုင်းခရိုင်တရားရုံးမှာ အကြမ်းဖက်ပုဒ်မတွေနဲ့ ထပ်မံတရားရင်ဆိုင်ရမလို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။