ဩဂုတ် ၅၊ The Nation Voice
စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ် ကျေးရွာတွေအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ခြင်းကြားတွေနဲ့ သယ်ယူထမ်းပိုးလာတဲ့စကစတပ်သား (၆၄) ယောက်ကို မနေ့က “တောကျီးကန်းစစ်ဆင်ရေး” အဖြစ်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာတပ်ရင်း တပ်ရင်း-၇-မြင်းခြံခရိုင် ကထုတ်ပြန်ပါတယ်။
မြင်းမူ – အရာတော်နယ်စပ်၊ရွာသာနဲ့မင်းရွာကျေးရွာအကြားမှာ ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူထမ်းပိုးလာတဲ့ စကစတပ်သား(၆၄)ယောက်ကို “တောကျီးကန်းစစ်ဆင်ရေး”တပ်ဖွဲ့ဝင်(၇)ဦးက ပေ(၁၅၀)အကွာမှ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
တိုက်ခိုက်မှုမှာ စကစ ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်တွေအပြင် စစ်ရဟတ်ယာဉ်ပစ်ကူတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ စကစဘက်က(၁၇)ဦးသေဆုံးသွားခဲ့ပြီး PDF ရဲဘော်အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
