မြန်မာငြိမ်းချမ်းရေးအစီအစဉ်မှာ တိုးတက်မှု အကန့်အသတ်သာရှိနေလို့ အာဆီယံစိတ်ပျက်နေ

သြဂုတ် ၅၊ The Nation Voice

မြန်မာနိုင်ငံကပဋိပက္ခတွေအဆုံးသတ်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးသဘောတူညီချက်အကောင်အထည်ဖော်ရာမှာ တိုးတက်မှုအကန့်အသတ်သာရှိနေတဲ့အတွက် တော်တော်စိတ်ပျက်မိတယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ပူးပေါင်းထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

နောက်ထပ်အဆင့်တွေအတွက် လမ်းပြဖို့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုအကောင်အထည်ဖော်မှုအပေါ် လာမယ့်နိုဝင်ဘာမှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးက စစ်ဆေးအကဲဖြတ်ဖို့ သောကြာနေ့မှာထုတ်ပြန်တဲ့ပူးပေါင်းထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဝေဖန်မှုတွေမြင့်တက်လာချိန်မှာ အခုလိုပူးပေါင်းထုတ်ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့နှစ်မှာသဘောတူခဲ့တဲ့ ငြိမ်းချမ်းရေးဘုံသဘောတူညီချက်ကို လိုက်နာဖို့ မြန်မာအာဏာသိမ်းစစ်တပ်ကို အာဆီယံက တွန်းအားပေးနေပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအနေနဲ့ အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်တဲ့လှုပ်ရှားမှုနဲ့ဆက်စပ်နေတဲ့တက်ကြွလှုပ်ရှားသူ(၄)ဦးကို ပြီးခဲ့တဲ့တပတ်မှာ ကွပ်မျက်ခဲ့တာကြောင့်လည်း အာဆီယံကရှုတ်ချထားပါတယ်။

အဲဒီကွပ်မျက်မှုတွေကို ပြည်သူတွေအတွက် တရားမျှတမှုရစေဖို့လို့ နိုင်ငံတကာရှုတ်ချမှုတွေတွေ့ကြုံနေရတဲ့အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့တပတ်မှာ ခုခံပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ကသာ အကျဉ်းသားတွေကို ထပ်ပြီးကွပ်မျက်မယ်ဆိုရင် အာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်သုံးသပ်ဖို့ တွန်းအားပေးရမယ်လို့ ဗုဒ္ဓဟူးနေ့မှာစတင်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအဖွင့်မိန့်ခွန်းမှာ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

အစည်းအဝေးမှာ အာဏာသိမ်းစစ်တပ်နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်မပြုထားဘဲ နိုင်ငံရေးမနွယ်သူတယောက်ကို တက်ရောက်ခွင့်ပြုပေမဲ့ အာဏာသိမ်းစစ်တပ်ကလည်း အဲဒီအဆိုပြုချက်ကို ဆန့်ကျင်ပြီး ကိုယ်စားလှယ်စေလွှတ်ခြင်းမရှိပါဘူး။

အဖွဲ့ဝင်နိုင်ငံတွေရဲ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်လေ့မရှိတဲ့အာဆီယံအဖွဲ့မှာ အဖွဲ့ဝင်မြန်မာနိုင်ငံကို အရေးယူဆောင်ရွက်မယ့် တခြားဘာအစီအစဉ်တွေရှိနေသလဲဆိုတဲ့အပေါ် အကဲခတ်တချို့နဲ့ သံတမန်တွေက မေးခွန်းထုတ်နေတုန်းပါ။

Source – Reuters Photo – Reuters

Leave a Reply

Your email address will not be published. Required fields are marked *