သြဂုတ် ၅၊ The Nation Voice
ဆက်စီမော်ဒယ်လ်တွေအဖြစ် လူသိများတဲ့ သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ကို လူမှုကွန်ရက်မှာ လိင်အသားပေး ဓာတ်ပုံ နဲ့ ဗီဒီယိုတွေ ဖြန့်ဝေမှုကြောင့်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဥပဒေအရအမှုဖွင့် ဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ သူတို့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာကြေညာသွားပါတယ်။
သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားထုအကြား ကြိုက်နှစ်သက်မှုများပြားတဲ့ ဆက်ဆီမော်ဒယ်လ်တွေဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာနဲ့ ဝယ်ယူကြည့်ရှုရတဲ့ Only Fan Website တွေမှာ အဖော်အချွတ်တွေနဲ့ နာမည်ကြီးသူတွေဖြစ်ကြပါတယ်။
သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက SSPP ရဲ့ မင်္ဂလာဆောင်တစ်ခုနဲ့ မှတ်တမ်း ဗီဒီယိုကိုသွားရောက်ရိုက်ကူးခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ စစ်ဆေးဖမ်းဆီးမှုကိုခံခဲ့ရကာ အဲဒီနောက်ပိုင်း ပေါ်ထွက်လာခြင်းမရှိတော့ဘဲ ယနေ့မှသာ ဖမ်းဆီးလိုက်ပြီဆိုတဲ့သတင်းကို စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။
သူတို့နှစ်ဦး အခုလိုအဖမ်းမခံရခင်က စစ်တပ်လော်ဘီတစ်ဦးဖြစ်တဲ့ ဟန်ငြိမ်းဦးရဲ့ တယ်လီဂရမ်မှာ သူတို့နှစ်ဦးကို ဖမ်းဆီးဖို့ သွေးထိုးလှုံ့ဆော်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။
