အမေရိကန်မှာ မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကြေညာ

သြဂုတ် ၅၊ The Nation Voice

ကူးစက်မှုတွေမြင့်တက်လာပြီးနောက် မျောက်ကျောက်ရောဂါကူးစက်မှုကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြအနေအဖြစ် အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် ဗိုင်းရပ်စ်ကူးစက်မှုကွင်းဆက်ပြတ်တောက်နိုင်ဖို့ ကာကွယ်ဆေးတွေ၊ ကုသမှုတွေနဲ့ တစ်နိုင်ငံလုံးအရင်းအမြစ်တွေဖြန့်ချိရာမှာ အရှိန်မြှင့်တင်နိုင်မှာပါ။

တစ်ကမ္ဘာလုံးမှာကူးစက်မှုတွေမြင့်တက်လာပြီးနောက်ပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အမြင့်ဆုံးအဆင့်အရေးပေါ်အခြေအနေကြေညာပြီးနောက်ပိုင်း အမေရိကန်ကလည်း ကြေညာလိုက်တာပါ။ အမေရိကန်မှာ မျောက်ကျောက်ကူးစက်အတည်ပြုလူနာ(၆၆၀၀) ရှိနေတယ်လို့ ကျန်းမာရေးအရာရှိတွေကပြောပါတယ်။ ကူးစက်အတည်ပြုလူနာ (၂၅) ရာခိုင်နှုန်းဟာ နယူးယောက်ပြည်နယ်မှာရှိနေပြီး ပြည်နယ်ဟာလည်း ပြီးခဲ့တဲ့တပတ်မှာ ရောဂါကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။

နောက်ထပ်ကူးစက်မှုအများဆုံးပြည်နယ်(၂)ခုဖြစ်တဲ့ကယ်လီဖိုးနီးယားနဲ့ အီလီနွိုက်စ်ပြည်နယ်တွေမှာလည်း အခုတပတ်အစောပိုင်းက အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ ကမ္ဘာတဝန်းမှာ မျောက်ကျောက်ရောဂါအတည်ပြုလူနာ (၂၆၀၀၀)ကျော်ရှိတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)ရဲ့အချက်အလက်တွေအရသိရပါတယ်။

Source – BBC Photo – Getty Images

Leave a Reply

Your email address will not be published. Required fields are marked *