သြဂုတ် ၅၊ The Nation Voice
YDF – Htilin မှ တပ်ဖွဲ့ဝင် (၂၁)ဦးဖြင့် ရုံးလုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီး ထီးလင်းမြို့နယ်တွင် ပညာရေး၊ ကျန်းမာရေးနဲ့ ပြန်လည်နေရာချထားရေးများလုပ်ငန်းများအား ဆောင်ရွက်နေပြီလို့ ဒီကနေ့ သြဂုတ်လ (၅)ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

” ပြည်သူလူထုအတွက် YDF-Htilin ရုံးမှ နေ့ရက်တိုင်း ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စအဝဝအား များစွာကြိုးစားဆောင်ရွက်နေပါကြောင်း မိဘပြည်သူများအား အသိပေးအကြောင်းကြားအပ်ပါသည် ” လို့ ဖော်ပြပါတယ်။
၂၀၂၂ ခုနှစ်၊ မတ်လ (၅)ရက်မှာ တပ်ဖွဲ့ဝင် (၁၅)ဦးနဲ့ ရုံးအထိုင်ချခဲ့ပြီး တပ်တွင်းကိစ္စများအပါအဝင် ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးများအပြင် YDF-Htilin ပြည်သူ့ရဲတပ်ဖွဲ့မှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ပိုမိုကျယ်ပြန့်လာတဲ့ ရုံးကိစ္စအဝဝကို ကောင်းမွန်စွာဆက်လက်လည်ပတ်နိုင်ဖို့ အင်အား မလုံလောက်တဲ့အတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့မှာ ရုံးအဖွဲ့အင်အား (၆)ဦး ထပ်မံတိုးချဲ့ခဲ့ပြီး ပေါင်း (၂၁) ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်လို့လည်း အသိပေးဖော်ပြပါတယ်။

YDF – Htilin ရဲ့ ရုံးအဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၄)ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ရုံးကိစ္စအဝဝကို တပ်တွင်းတစ်နေရာမှာ လုပ်ငန်းများစတင်ခဲ့ပြီး ဒီကနေ့ သြဂုတ်လ (၅)ရက်မှာ ရုံးလုပ်ငန်းလည်ပတ်ပတ်တာ (၅)လပြည့်မြောက်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။
