ဂန့်ဂေါမြို့ပေါ်အထိုင်ချထားတဲ့ စစ်တပ်က ရှုံးရှီရွာကိုဝင်မွှေပြီး ပြည်သူ (၄)ဦးကို ဖမ်းဆီးသွား

သြဂုတ် ၆၊ The Nation Voice

ဂန့်ဂေါမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဂန့်ဂေါအနောက်ဘက်ကို စစ်ကြောင်းထိုးသွားရာက ဒီကနေ့ သြဂုတ်လ ၆ ရက်မနက်ပိုင်းမှာ ရှုံးရှDရွာထဲဝင်မွှေပြီး အပြစ်မဲ့ပြည်သူ (၄)ကို ဖမ်းဆီးသွားတယ်လို့ PDF – Gangaw(တောင်ပိုင်း)တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ဂန့်ဂေါအနောက်ဘက်ကနေ မတူပီနယ် ရမ်းဇီးအထိ စစ်ကြောင်းထိုးခဲ့ပြီးနောက် ဒီနေ့မနက်မှာတော့ ဂန့်ဂေါနယ်ထဲ ပြန်ရောက်လာပြီး ရှုံးရှီဒေသခံတွေကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ပြည်သူတွေကို ဖမ်းဆီးပြီးတဲ့နောက် ဒီကနေ့မနက် (၁၀) နာရီခွဲလောက်မှာ ရှုံးရှီကနေပြန်ထွက်လာပြီး We Love တံတားမှတဆင့် ဂန့်ဂေါမြို့ထဲ ပြန်ဝင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ပြည်သူ့ပိုင်ပစ္စည်းတွေ ခိုးယူတာတွေကျူးလွန်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဂန့်ဂေါ – အိုက္ကားလမ်းပိုင်းကို အသုံးမပြုကြဖို့ PDF – Gangaw (တောင်ပိုင်း)တပ်ဖွဲ့က မေတ္တာရပ်ခံပါတယ်။

ရှုံးရှီးရွာထဲဝင်မွှေပြီး ပြည်သူတွေကိုဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဂန့်ဂေါအနောက်ဘက်က ကျေးရွာတွေဆီ ဇူလိုင်လ (၃၁) ရက်ထဲက စစ်ကြောင်းစထိုးခဲ့တာဖြစ်ပြီး စစ်ကြောင်းထိုးပြီး (၇)ရက်မြောက်ဖြစ်တဲ့ ဒီကနေ့မှာမှ ဂန့်ဂေါမြို့ပေါ်ကို ပြန်ဝင်လာတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *